ဟိုအရင်လို အပတ်တိုင်းနီးပါး ရန်ကုန်ပြန်နေကျ ကိုဗစ်နှိပ်စက်လို့ မပြန်ဖြစ်တာ လေးပတ်ရှိသွားပြီဗျို့။ လေဆိပ်ဘယ်တော့ ပြန်ဖွင့်မယ်မသိ။ ဖွင့်ခဲ့လို့ပြန်လို့ရရင်လည်း ၂၁ရက် Qထိမယ်။ WFHကလည်း အရင်ထက်ပိုအလုပ်များတယ်။ ရေးပြီးသားစာတွေတောင် ကိုဗစ်အကြောင်းရှာပြီး ထပ်ထည့်ရေးနေရတယ်။ ဆွေးနွေးမှုတိုင်းလည်း ကိုဗစ်၊ သတင်းကြည့်လည်း ကိုဗစ်၊ FBပေါ်လည်း ကိုဗစ်… စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ် မဖြစ်သေးလို့ တော်သေး။ အဲဒီတော့ကာ….. ကိုဗစ်ရာ လူတွေလည်း စိတ်ပင်ပန်း ကျဉ်းကျပ်နေပြီ၊ မင်းပေးချင်တဲ့ message လည်းရကြပါပြီ… မြန်မာနှစ်သစ် ၁၃၈၂မှာ လူတွေကို ပျော်ရွှင်လွတ်လပ်ခွင့်ပေးလိုက်ပါဗျာ။?