အကောင်းမြင်သူ – ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိတယ်
အဆိုးမြင်သူ – ဖန်ခွက်ထဲမှာ ရေတစ်ဝက်မရှိတော့ဘူး
အရှိကိုအရှိအတိုင်းမြင်သူ – ဖန်ခွက်ထဲမှာ ရေရှိတယ်
အခွင့်ကောင်းရှာသူ – ဖန်ခွက်ထဲကရေကို သောက်ပလိုက်ရော
အမျိုးသားရေးဝါဒီ – ဒီဖန်ခွက်ကငါ့ဖန်ခွက် ဒီရေကငါ့ရေ ဘယ်သူမှမထိရဘူး
ပြည်ထောင်စုဝါဒီ – ဒီဖန်ခွက်ထဲကရေတွေ တစ်စက်မှမဆုံးရှုံးအောင်ထိန်းသိမ်းရမယ်
ခွဲထွက်ရေးဝါဒီ – ဒီဖန်ခွက်ထဲကရေတွေ အကုန်ထုတ်ပစ်
သိပ္ပံပညာရှင် – ဖန်ခွက်ထဲမှာ H2O ၅၀ ရာခိုင်နှုန်းရှိတယ်
စီးပွားရေးသမား – ဒီထဲကရေကို ဖန်ခွက်သေးသေးထည့်တော့ ပြည့်ပြီးပိုရောင်းရတာပေါ့
အနုပညာသမား – ဒီရေရှိလို့ ငါ့ဘဝကြီး မခြောက်သွေ့တော့ဘူး
နိုင်ငံရေးသမား – ဒီရေရဖို့အတွက် ကျုပ်တို့ဘယ်လောက် စွန့်လွှတ်အနစ်နာခံခဲ့ရသလဲ
ပတ်ဝန်းကျင်ထိန်းသိမ်းသူ – ဖန်ခွက်ထဲကရေက ကမ္ဘာကြီးအတွက် အရေးကြီးတယ်
အားလုံးကိုစိတ်ကုန်နေသူ – ရေအပြည့်လားတစ်ဝက်လားလည်း မစဥ်းစားတော့ဘူး။ ဒီအတိုင်းဘဲထားလိုက်မယ်…….
မြန်မာပြည်သူ – ဖန်ခွက်ထဲကရေ တိုက်မှာသာ တိုက်စမ်းပါ
ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ မြန်မာပြည်