
အနှစ်၄၀ဆိုတာ ခဏလေးပါ။ အဲဒီဓါတ်ပုံရိုက်တဲ့အချိန် ပီကင်း ပတ်ဝန်းကျင်မှာ ဆောင်းတွင်းဆို အစိမ်းနဲ့ အပြာတွေပဲ တွေ့ရတယ်။ နွေဆို အဖြူရှပ်တွေနဲ့ပဲ တွေ့ရတယ်။ တစ်ခြားအရောင်တွေ မဝတ်နိုင်လို့လား၊ မဝတ်ရဲလို့လား၊ မဝတ်ချင်လို့လားတော့မသိ၊ တော်တော်နေရတာ ကျင်းကျပ်တာတော့ တွေ့ရတယ်၊ ကားလမ်းတွေကလွဲလို့။ လမ်းပေါ်မှာ ကားတွေတွေ့ရခဲတယ်။ နိုင်ငံခြားသားတွေ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို ဟောင်ကောင်မှာ စျေးထွက်ဝယ်ကြရတယ်။
အဲဒီအချိန်မှာပဲ တရုတ်ပြည်မှာ အပြောင်းအလဲတွေ စတင်လုပ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ တိန်ရှောင့်ဖိန်ကလည်း ပြောခဲ့တယ် – ကြွက်ဖမ်းနိုင်လို့ကတော့ ကြောင်ကအမဲလား၊ အဖြူလား အရေးမကြီးပါဘူး – လို့။ ကျောင်းကဖတ်စာအုပ်မှာလည်း ဖတ်ရတယ်။ နှစ်၂ဝဝဝမှာ ကမ္ဘာကို ယှဉ်ပေါင်တန်းနိုင်ရမယ် လို့။ ပြောတဲ့အတိုင်၊း ရည်မှန်းချက်ရှိတဲ့အတိုင်း ပြောင်းလဲမှုတွေကို တစိုက်မတ်မတ်လုပ်ခဲ့တယ် (တစ်ခြားသူတွေရဲ့စံနှုန်းအတိုင်းမလုပ်ဘူးလို့တော့ ပြောလို့ရတယ်။ ဘယ်သူုစံနှုန်းလည်းဆိုတာလည်း အငြင်းပွားလို့ ရသေးတယ်။) ဒါပေမဲ့ ၃၆နှစ်အတွင်းမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေအတွက်တော့ အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်။ လူနေမှုအဆင့်အတန်းတွေ အများကြီးမြင့်ခဲ့တယ်။ အမြင်တွေပိုကျယ်ခဲ့ကြတယ်။ အခုပုံထဲကလို အစိမ်းရောင်၊ အပြာရောင်အခြေအနေကနေ ရောင်စုံတောက်ပနိုင်ခဲ့တယ်။
နှစ်၃ဝဆိုတာ ခဏလေးပါ။ အခုခေါင်းဆောင်တွေလည်း မရှိနိုင်တော့ပါဘူး။ သက်တူရွယ်တူတွေလည်း ဘူတာကဆင်းမဲ့သူတွေ၊ တရားစခန်းဝင်နေရမဲ့သူတွေ၊ ရောင်စုံပတ်ဝန်းကျင်ကို ဆက်ဖန်တီးနေမဲ့သူတွေပါပဲ။ ဒါပေမဲ့ နောက်အနှစ်၃ဝလောက်မှာ သူတို့လုပ်နိုင်သလို ငါတို့လည်း လုပ်နိုင်ခဲ့တယ်လို့ စမြုံ့ပြန်ချင်သေးတယ်။