ရာသီဥတုပြောင်းလဲခြင်းသက်ရောက်မှုများ တိုက်ဖျက်ရန် အရေးတကြီးလုပ်ဆောင်ရေး

ကမ္ဘာ့အသိုင်းအဝိုင်းဟာ ရာသီဥတုနှင့်ဆိုင်သောပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် ကတိက၀တ်များမှ ရှောင်ရှားနေကြတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ ပြင်းထန်သော အကျိုးဆက်များကို မကြုံတွေ့မခံစားဘူးနေရတဲ့ နိုင်ငံဟူ၍မရှိပါဘူး။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ၁၉၉၀ခုနှစ်ထက် ၅၀ရာခိုင်နှုန်းခန့် ပို၍မြင့်တတ်လျက်ရှိပါတယ်။ ၂၀၁၉ခုနှစ်ဟာ မှတ်တမ်းအရ ဒုတိယအပူဆုံးနှစ် ဖြစ်ပါတယ်။ ၁၉၀၁ခုနှစ်မှ ၂၀၁၀ခုနှစ် အတွင်းမှာ ကမ္ဘာ့အပူချိန် ပူနွေးလာမှုနှင့် ရေခဲအရည်ပျော်မှုကြောင့် သမုဒ္ဒရာများ တိုးချဲ့လာသည်နှင့်အမျှ ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်ဟာ ပျှမ်းမျှ ၁၉စင်တီမီတာ မြင့်တက်ခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုအကြိမ်ရေနဲ့ ပြင်းထန်မှုနှုန်းများကို ပိုမိုဆိုးရွားစေပါတယ်။ ရာသီဥတုနှင့်ဆက်စပ်နေတဲ့ ဘေးအန္တရာယ်များကြောင့် စီးပွားရေး ဆုံးရှုံးမှုများဟာ နှစ်စဉ်ပျမ်းမျှ ဒေါ်လာဘီလျံရာချီအထိ ရှိနေပါတယ်။ ၁၉၉၈ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားမှာ လူဦးရေ ၁.၃ဘီလျံအထိ သေကြေပျက်စီးခဲ့ပါတယ်။ ဒီလို ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်များကို အရေးတယူဆောင်ရွက်မှု မရှိပါက ပြန်လည်ပြုပြင်၍မရနိုင်တဲ့ အကျိုးဆက်များ ရှိလာမှာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းသက်ရောက်မှုများ တိုက်ဖျက်ရန် အရေးတကြီးလုပ်ဆောင်ရေးတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၁၃) ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက်(၁၃)ရဲ့ ပစ်မှတ် ၅ခုဟာ နိုင်ငံအားလုံးရှိ ရာသီဥတုနှင့်ဆက်နွယ်နေတဲ့ သဘာဝ ဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိရန်နှင့် လိုက်လျောညီထွေရှိတဲ့ စွမ်းရည်ကို ပိုမို အားကောင်းစေရန်၊ ရာသီဥတုပြောင်းလဲခြင်း အစီအမံများကို နိုင်ငံတော်မူဝါဒများ၊ မဟာဗျူဟာများ၊ စီမံကိန်းရေးဆွဲ ခြင်းများတွင် ပေါင်းစပ်ပါဝင်စေရန်နှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ လိုက်လျောညီထွေ ဖြစ်စေရေး၊ သက်ရောက်မှု လျှော့ချရေးနှင့် ကြိုတင် သတိပေးခြင်းဆိုင်ရာ ပညာရေး၊ အသိအမြင် မြှင့်တင်ရေးတို့ကို ပိုမိုဆောင်ရွက်ရန် ရည်ညွှန်း ထားပါတယ်။

ရာသီဥတုပြောင်းလဲခြင်းသက်ရောက်မှုများ တိုက်ဖျက်ရာမှာ မြန်မာနိုင်ငံကဲ့သို့ ထိခိုက်လွယ်သော ဒေသများကို ကူညီပံပိုးပေးခြင်းဟာ ရည်မှန်းချက် (၁၃)ကိုသာမက အခြားရေရှည် တည်တံ့ခိုင်မြဲ သော ဖွံ့ဖြိုးရေးရည်မှန်းချက်များကိုပါ တိုက်ရိုက်ပါဝင် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်ဆိုင်ရာ ဘေးဒုက္ခဖြစ်နိုင်ခြေလျော့ချရေး၊ သဘာဝ သယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများထဲမှာ အားလုံးလုံခြုံမှုဆိုင်ရာ ထည့်သွင်းဆောင်ရွက်ရေးတို့ကို အင်တိုက်အားတိုက် လက်တွဲလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi