မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာဟာ သစ်တောများကို ရေရှည်တည်တံ့ အောင် စီမံခန့်ခွဲခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုများကို တိုက်ဖျက်ခြင်း၊ မြေယာပြုန်းတီးခြင်းကိုရပ်တန့် စေရန်နှင့် ဇီ၀မျိုးကွဲများဆုံရှုံးမှုရပ်တန့်စေရန်ကို ရည်ရွယ်ထားပါတယ်။ လူသားများဟာ အဟာရ ဓာတ်များနှင့် လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်သမုဒ္ဒရာအပေါ် မှီခိုနေရသကဲ့သို့ ကမ္ဘာ့မြေ ပြင်အပေါ်တွင်လည်း မှီခိုနေရပါတယ်။ သီးပင်သီးနှံများဟာ လူသားများအစားအသောက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး စိုက်ပျိုးရေးဟာလည်း အရေးပါတဲ့ စီးပွားရေး အရင်းအမြစ် တစ်ရပ်အဖြစ် ရပ်တည်နေပါတယ်။ သို့အတူ သစ်တောများဟာ ကမ္ဘာမြေပြင်ရဲ့ ၃၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားလျက်ရှိပြီး သက်ရှိလူတိရိစ္ဆာန် သန်းပေါင်းများစွာ အသက်ရှင်နေထိုင် ရပ်တည်ရေးနှင့် သန့်ရှင်းသောလေ၊ ရေရရှိရေးအတွက် အရေးပါတဲ့အရင်းအမြစ်များအဖြစ် ထောက်ပံ့ပေးနေ သကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများကို တိုက်ဖျက်ပေးလျက်ရှိပါတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်ရှိဇီ၀မျိုးကွဲများဆုံးရှုံးမှုကို ရပ်တန့်အောင်မလုပ်နိုင်သေးပါဘူး။ မျိုးစိတ်ပေါင်း ၃၁,၀၀၀ ကျော်ဟာ မျိုးသုဉ်းမည့်အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ သစ်တောပြုန်းတီးမှုဟာလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ တစ်နှစ်မှာသစ်တောဟပ်တာ ၁၃သန်းခန့် ပြုန်းတီးနေပါကာ သဲကန္တာရ ဖြစ်လာမှာမှုကို ဦးတည်နေလျက် ရှိပါတယ်။ တိရိစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း ၇၀,၀၀၀ နီးပါးဟာ တရားမဝင်ကုန်သွယ်ခံရလျက်ရှိပါတယ်။ ဒီလို တောရိုင်းတိရစ္ဆာန်ကုန်သွယ်ရောင်းဝယ်မှုဟာ ဂေဟစနစ်ကို ပျက်ပြားစေပြီး ကူးစက်ရောဂါများ ပျံ့နှံ့စေပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၅)ဖြစ်တဲ့ မြေပေါ်သက်ရှိလောက ထိန်းသိမ်း စောင့်ရှောက်ရေး ပစ်မှတ် ၁၂ခုဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြန်လည် ထူထောင်ခြင်းနှင့် ရေရှည်တည်တံ့သောအသုံးပြုမှုကို သေချာစေရန်၊ သစ်တောအမျိုးအစား အားလုံးကို ရေရှည်တည်တံ့သောစီမံခန့်ခွဲမှုဖြင့် သစ်တောပြုန်းတီးမှု ရပ်တန့်ရေး ဆောင်ရွက်ရန်၊ မြေဆီလွှာပျက်စီးခြင်းနဲ့ သဲကန္တာရများဖြစ်လာမှုများကို တိုက်ဖျက်ရန်တို့ကို ရည်ရွယ်ထားပါတယ်။
မြန်မာနိုင်ငံဟာ မြေစတုရန်းဧရိယာ ၆၇၆,၅၇၅ ရှိပေမဲ့ အကာအကွယ်ပေးထားသော မြေဧရိယာ နည်းပါးခြင်းကြောင့် သစ်တော ၂၀ ရာခိုင်နှုန်း ပြုန်းတီးနေပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာနှင့် ရေဖူလုံရေး၊ ရာသီဥတုဖောက်ပြန်မှုများ လျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ငြိမ်းချမ်းလုံခြုံရေးတို့ကို အထောက်အပံပေးနေတဲ့ သက်ရှိများကျက်စားရာ မြေပေါ်သက်ရှိလောကတွင် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးလာမှု၊ သစ်တောများပြုန်းတီးလာမှုတို့ကို လျော့ချနိုင်ရန် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်နေပြီ ဖြစ်ပါတယ်။