ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဆိုတာဟာ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုမှုကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များကို အားကောင်းသော အပြည်ပြည်ဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ အသက်ဝင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့မှုမှာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁၄၇ ဘီလျံအထိ ရှိခဲ့ပါတယ်။ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများမှ သယ်ဆောင်လာတဲ့ လူသားခြင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခများကိုကြုံတွေ့နေရစဉ်မှာ ငွေကြေး ထောက်ပံ့မှုများနှင့် အကူအညီများကို ပိုမို၍ လိုအပ်လာပါတယ်။
မြန်မာနိုင်ငံကဲ့သို့ များစွာသောနိုင်ငံများဟာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကုန်သွယ်ရေး အတွက် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးထောက်ပံ့မှုကို လိုအပ်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ က ပို၍သာဓကပြနေပါတယ်။ ကိုဗစ်ရောဂါကြောင့် နိုင်ငံခြားမှ မိသားစုများအတွက် ငွေပြန်ပို့ လွှဲခြင်းဟာ ၂၀၁၉ခုနှစ်မှာ ဒေါ်လာ ၅၅၄ ဘီလျံရှိရာမှ ၂၀၂၀ခုနှစ်မှာ ၄၄၅ ဘီလျံသို့ အနည်းဆုံး ထိုးကျသွားမယ်လို့ ခန့်မှန်းထားသလို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ၄၀ ရာခိုင်နှုန်းလောက် ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၇)ဖြစ်တဲ့ င ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးရဲ့ ပစ်မှတ် ၁၉ခုကို အပိုင်း ၅ပိုင်းခွဲပြီး ရည်ရွယ်ထားပါတယ် – (၁) ငွေကြေးထောက်ပံ့ခြင်း၊ (၂) နည်းပညာ အကူအညီပေးခြင်း၊ (၃) စွမ်းရည်တည်ဆောက်ပေးခြင်း၊ (၄) ကုန်သွယ်ရေး မြှင့်တင်ပေးခြင်း၊နှင့် (၅) နည်းစနစ် ကိစ္စရပ်များ ဖြေရှင်းပေးခြင်းတို့ကို ရည်ရွယ်ထားပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံ၏ကြွေးမြီများကို စီမံခန့်ခွဲရေးတွင် ကူညီရန်အတွက် မူဝါဒဆိုင်ရာပူးပေါင်းဆောင်ရွက် ခြင်းများနှင့်အတူ ဖွံ့ဖြိုးမှုနိမ့်ပါးသည့် ဒေသများအတွက် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ခြင်းများသည်လည်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အရာများ ဖြစ်ပါတယ်။ ရည်မှန်း ချက်အားလုံး၏ မျှော်မှန်းချက်များကို ပြည့်မီရရှိနိုင်ရန် နိုင်ငံတွေရဲ့ စီမံချက်များကို အထောက်အပံ့ ပေးခြင်းဖြင့် မြောက်ပိုင်းနှင့်တောင်ပိုင်းနိုင်ငံများကြား၊ တောင်ပိုင်းနိုင်ငံအချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်ရေးကို အားပေးမြှင့်တင်ရန် လိုအပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး မြှင့်တင် ပြီး ဖွံဖြိုးဆဲနိုင်ငံများအား ပို့ကုန်ပိုမိုထုတ်လုပ်နိုင်အောင် အကူအညီပေးခြင်းသည် အားလုံးအတွက် မျှတ၊ ပွင့်လင်း၊ အကျိုးရှိသည့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ အခြေပြုသည့် ကုန်သွယ်ရေး စနစ်တစ်ခု ပေါ်ပေါက်ရရှိနိုင်ဖို့အတွက် အစိတ်အပိုင်းများအားလုံးတွင် ပါဝင်ပါတယ်။