အနာဂတ်၏ထိပ်သီးအစည်းအဝေး

အနာဂတ်၏ထိပ်သီးအစည်းအဝေး (Summit of the Future) သည် အရေးကြီးသော စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် တကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတွင် ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရန်၊ ရှိပြီးသား ကတိကဝတ်များကို ထပ်မံအတည်ပြုရန်နှင့် လူတို့၏ဘဝများကို အပြုသဘောဆောင်သောသက်ရောက်မှုရှိစေရန် ပိုမိုကောင်းမွန်သော အနေအထားရှိသော ပြန်လည်သန်စွမ်းရေးဘက်စုံစနစ်ဆီသို့ ဦးတည်သွားပါမည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ယနေ့စိန်ခေါ်မှုများနှင့် အနာဂတ်တွင် ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် ပိုမိုထိရောက်သော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အုတ်မြစ်ချနိုင်မည့် နည်းလမ်းများကို SDG ထိပ်သီးအစည်းအဝေး ၂၀၂၃ ရလဒ်များအပေါ် အခြေခံ၍ စဥ်းစားမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ၂၀၂ ခုနှစ် ဇွန်လတွင် အဖွဲ့ဝင်နိုင်ငံများက ကြေငြာခဲ့ပြီး လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အထွေထွေအတွင်းရေးမှူးချုပ်ထံ တောင်းဆိုချက်နှင့်အတူ ကြီးမားကျယ်ပြန့်သော ကတိကဝတ် ၁၂ ခုပါ၀င်ကြောင်း ကြေငြာခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အထွေထွေအတွင်းရေးမှူးချုပ်မှ UN75 ကြေညာစာတမ်းတွင်ပါရှိသော ကတိကဝတ်များကို အကောင်အထည်ဖော်ရန် နှိုးဆော်ချက်၊ ကျွန်ုပ်တို့၏ ဘုံအစီအစဉ် (Our Common Agenda)၊ နိုးကြားမှုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ထို့ကြောင့် အစီရင်ခံစာသည် စွန့်စားမှုများသာမက အခွင့်အလမ်းများနှင့် ပြည့်နှက်နေသည့် အနာဂတ်အတွက် ကျွန်ုပ်တို့ အသင့်ပြင်ဆင်ခြင်းဆိုင်ရာ တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုသစ်တစ်ရပ်ကို ပုံဖော်ရန် အနာဂတ်ထိပ်သီးအစည်းအဝေးကို တောင်းဆိုထားသည်။

အထွေထွေညီလာခံသည် “ကြွယ်ဝပြီး ခိုင်မာသော အစီရင်ခံစာ” တင်သွင်းမှုကို ကြိုဆိုခဲ့ပြီး ထိပ်သီးအစည်းအဝေးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပရန် သဘောတူညီခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဝန်ကြီးများအစည်းအဝေးမတိုင်မီ ပြုလုပ်ခဲ့သည်။

အနာဂတ်အတွက် လုပ်ဆောင်ရန် ဦးတည်သည့် သဘောတူညီချက်တစ်ရပ်ကို အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများအတွက် အစိုးရအချင်းချင်း ညှိနှိုင်းမှုများမှတစ်ဆင့် သဘောတူညီနိုင်မည်ဟု မျှော်လင့်ရသည်။

Source: https://www.un.org/en/common-agenda/summit-of-the-future

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi