သံတမန်တွေ ဘာကြောင့်အလုပ်ပြုတ်ရလဲ။

သံတမန်တစ်ယောက်ဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်အိမ်မက်တစ်ခုပဲ။ နိုင်ငံရပ်ခြားမှာ နေထိုင်၊ ဧည့်ခံပွဲတွေတက်၊ နိုင်ငံကို ကိုယ်စားပြုပြီး အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ ဒါပေမယ့် တော်တော်များများ မမြင်နိုင်တာက အလုပ်မှာ ဖိအားတွေ ဘယ်လောက်များလဲ။ သံတမန်တွေဟာ သူတို့ပြောတဲ့စကား၊ ပြုမူပုံတွေကို၊ အလုပ်ပြင်ပမှာတောင် သတိထားရတယ်။ အမှားတစ်ခုခုကြောင့် စိတ်ကူးယဉ်မက်တစ်ခုဟာ ပျေက်ကွယ်သွားနိုင်ပါတယ်။

သံတမန်တွေအလုပ်ပြုတ်ရတဲ့ အကြောင်းရင်း ၃ခုကတော့ –

(၁) လျှို့ဝှက်ချက်များမျှဝေလို့ – သံတမန်‌တွေဟာ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ အလုပ်လုပ်ရတယ်။ လူသိရှင်ကြား မဖြစ်သင့်တဲ့အရာတွေကို သူတို့သိရတယ်။ စာရွက်စာတမ်းတစ်ခုပေါက်ကြားလို့ဖြစ်ဖြစ်၊ လူအများရှေ့တွင် ပေါ့ပေါ့ဆဆပြောဆိုမိလို့ဖြစ်ဖြစ် ဒါမှမဟုတ် အီးမေးလ်တွေ မှားယွင်းပေးပို့တာပဲဖြစ်ဖြစ် ပြဿနာကြီးကြီးမားမားတွေ ဖြစ်စေနိုင်တယ်။ အချို့သောကိစ္စများတွေ မီဒီယာကိုပေါက်ကြားသွားလို့ ရာထူးမှနုတ်ထွက်ခံရတက်တယ်။

(၂) အရှုပ်တော်ပုံတွေမှာပါဝင်လာလို့ -သံတမန်တစ်ဦးဟာ လုပ်ငန်းခွင်နှင့် သူတို့ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာ ကောင်းမွန်စွာပြုမူနေထိုင်ရတယ်။ ရန်ပွဲတွေ၊ အရက်သောက်ပြီးဖြစ်တဲ့ ပြဿနာတွေ၊ နှောင့်ယှက်မှုတွေ ဒါမှမဟုတ် တရားမဝင် တစ်စုံတစ်ခုမှာ ပါဝင်ပတ်သက်နေပါက ချက်ချင်းပြန်လည်ခေါ်ယူနိုင်တယ်။ သူတို့ရဲ့ အမူအကျင့်တွေက နိုင်ငံကို ရောင်ပြန်ဟပ်တယ်။ လူမှုရေးပွဲတွေမှာ၊ သံရုံးအတွင်းမှာ ဆိုးဆိုးရွားရွား ပြုမူပြောဆိုတာကြောင့် ဖယ်ရှားခံရတဲ့ ကိစ္စရပ်တွေလည်း ရှိခဲ့တယ်။

(၃) နိုင်ငံရေးမှတ်ချက်တွေပေးလို့ – သံတမန်‌‌‌တွေဟာ နိုင်ငံရေးသမားတွေ မဟုတ်ဘူး။ အထူးသဖြင့် လူအများကြားမှာ ကြားနေရမယ်။ သံတမန်တစ်ဦးဟာ နိုင်ငံရေးမှာ ပွင့်ပွင့်လင်းလင်း ထောက်ခံပါက၊ ခေါင်းဆောင်တစ်ဦးကို ဝေဖန်၊ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအမြင်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်မိပါက နိုင်ငံရဲ့ ပုံရိပ်ကိုထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် သံတမန်တစ်ဦးရဲ့ အလုပ်ကို အဆုံးသတ်နိုင်တယ်။ နိုင်ငံရေးဆိုင်ရာကြေညာချက်တွေ အွန်လိုင်းပေါ်မှ ရေးသားဖော်ပြပြီးနောက် သံတမန်အချို့ကို ရာထူးမှ ဖယ်ရှားတက်တယ်။

တစ်ခြားအချက်တွေလည်း ရှိပါသေးတယ်… နောက်မှ ဆက်ရေးအုံးမယ်။

#Diplomat #Diplomacy

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi