ဆင်းရဲနွမ်းပါးမှုပပျောက်ရေး

ဆင်းရဲနွမ်းပါးမှုဆိုတာ ရေရှည်တည်တံ့ခိုင်မြဲသောအသက်မွေး၀မ်းကျောင်းမှုရရှိရန်အတွက် ၀င်ငွေနှင့်ကုန်ထုတ်စွမ်းအားများမရရှိခြင်းထက် ပိုမိုတယ်လို့ဆိုကြပေမဲ့လည်း ဆင်းရဲနွမ်းပါးမှုနက်ရှိုင်းမှုကို အကျမ်းဖျဥ်းအားဖြင့် ဝင်ငွေနဲ့တိုင်းတာကြတယ်။ စံသတ်မှတ်ချက်တွေက နိုင်ငံတွေရဲ့ဝင်ငွေပေါ်မှာမူတည်ပြီး မတူကြဘူး။ ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တစ်နေ့ဝင်ငွေ ၁.၉၀ဒေါ်လာ (၂,၅၀၀ကျပ်)သတ်မှတ်ထားပေမဲ့ နိုင်ငံတွေရဲ့ အမျိုးသားဆင်းရဲနွမ်းပါးမှုပြမျဥ်းတွေက ကွဲလွဲကြတယ်။ မြန်မာနိုင်ငံကတော့ တစ်နေ့ဝင်ငွေ ၁,၅၉၀ကျပ် (၂၀၁၇) အောက်ရောက်သူတွေကို ဆင်းရဲနွမ်းပါးတယ်လို့ သတ်မှတ်ထားတယ်။

၂၀၁၇ ခုနှစ်မြန်မာနိုင်ငံနေထိုင်မှုအခြေအနေစစ်တမ်း၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံလူဦးရေ၏ ၂၄.၈ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးကြပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၁)ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်(၁)ရဲ့ ပစ်မှတ် ရခုထဲက အဓိကပစ်မှတ်ကတော့ ၂၀၃၀ ပြည့်နှစ်မှာ အလွန်အမင်းဆင်းရဲနွမ်းပါးမှု (၁.၂၅ဒေါ်လာထက်နည်းမှု)ကို လုံးဝပပျောက်အောင် ဆောင်ရွက်နိုင်ခြင်းနဲ့ ဆင်းရဲနွမ်းပါးသူလူဦးရေကို ထက်ဝက်လျော့ချနိုင်ခြင်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို အနှစ်၄၀အတွင်းမှာ အောင်မြင်စွာလုပ်နိုင်ခဲ့တယ်။ လူဦးရေသန်း၈၅၀ကို အလွန်အမင်းဆင်းရဲနွမ်းပါးမှုအောက်ကနေလွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်။ အဲဒီလုပ်ငန်းစဥ်မှာ အဆင့်လေးဆင့်ချမှတ်ခဲ့တယ် –

ပထမအဆင့် (၁၉၇၈-၁၉၈၅)

– လွတ်လပ်သောစီမံခန့်ခွဲမှုအခွင့်အရေး ပိုမိုလွတ်လပ်စေရေး ဦးစားပေးခဲ့တယ်။

– ဆင်းရဲနွမ်းပါးသူဦးရေမှာ ၂၅၀ မှ ၁၂၅ သန်းသို့ကျဆင်းစေခဲ့တယ်။

ဒုတိယအဆင့် (၁၉၈၅-၂၀၀၀)

– ဖွံ့ဖြိုးရေးကိုဦးတည်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးစားပေးခဲ့တယ်။

– ဆင်းရဲသောသူအရေအတွက်ကို ၁၂၅ သန်းမှသန်း ၃၀ သို့လျှော့ချခဲ့တယ်။

တတိယအဆင့် (၂၀၀၀-၂၀၁၀)

– ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကျေးရွာများကို စတင်အာရုံစိုက်စေတယ်။

– စံသတ်မှတ်ချက်သစ်အရ ကျေးလက်နေဆင်းရဲနွမ်းပါးသူဦးရေဟာ ၉၄ သန်းကနေ ၂၇ သန်းအထိကျဆင်းသွားခဲ့တယ်။

စတုတ္ထအဆင့် (၂၀၁၀-၂၀၂၀)

– ဆင်းရဲနွမ်းပါးသောကျေးလက်နေပြည်သူများအနေဖြင့် လုံလောက်သောအစားအစာနှင့်အ၀တ်အထည်များ၊ မသင်မနေရပညာရေး၊ အခြေခံကျန်းမာရေး၀န်ဆောင်မှုများနှင့် အိုးအိမ်များလုံလောက်စွာရရှိနိုင်စေခဲ့တယ်။

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi