Sustainable Development

ဆင်းရဲနွမ်းပါးမှုပပျောက်ရေး

ဆင်းရဲနွမ်းပါးမှုဆိုတာ ရေရှည်တည်တံ့ခိုင်မြဲသောအသက်မွေး၀မ်းကျောင်းမှုရရှိရန်အတွက် ၀င်ငွေနှင့်ကုန်ထုတ်စွမ်းအားများမရရှိခြင်းထက် ပိုမိုတယ်လို့ဆိုကြပေမဲ့လည်း ဆင်းရဲနွမ်းပါးမှုနက်ရှိုင်းမှုကို အကျမ်းဖျဥ်းအားဖြင့် ဝင်ငွေနဲ့တိုင်းတာကြတယ်။ စံသတ်မှတ်ချက်တွေက နိုင်ငံတွေရဲ့ဝင်ငွေပေါ်မှာမူတည်ပြီး မတူကြဘူး။ ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တစ်နေ့ဝင်ငွေ ၁.၉၀ဒေါ်လာ (၂,၅၀၀ကျပ်)သတ်မှတ်ထားပေမဲ့ နိုင်ငံတွေရဲ့ အမျိုးသားဆင်းရဲနွမ်းပါးမှုပြမျဥ်းတွေက ကွဲလွဲကြတယ်။ မြန်မာနိုင်ငံကတော့ တစ်နေ့ဝင်ငွေ ၁,၅၉၀ကျပ် (၂၀၁၇) အောက်ရောက်သူတွေကို ဆင်းရဲနွမ်းပါးတယ်လို့ သတ်မှတ်ထားတယ်။ ၂၀၁၇ ခုနှစ်မြန်မာနိုင်ငံနေထိုင်မှုအခြေအနေစစ်တမ်း၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံလူဦးရေ၏ ၂၄.၈ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၁)ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်(၁)ရဲ့ ပစ်မှတ် […]