အရည်အသွေးပြည့်ဝသောပညာရေး

အရည်အသွေးပြည့်ဝသောပညာရေးဆိုတာ ပညာသင်ယူသူတွေကို အသိပညာ၊ အတတ်ပညာများ ရရှိစေရုံသာမက အာရုံစူးစိုက်နိုင်မှု၊ ဝေဖန်စဥ်းစားတွေးခေါ်နိုင်မှု၊ ခွဲခြားစိတ်ဖြာတွေးခေါ်နိုင်မှု တွေကို တိုးတက်စေသလို လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို တိုးတက်စေနိုင်ပါတယ်။

တစ်ကမ္ဘာလုံးမှာ အားလုံးပါ၀င်နိုင်ကာ တန်းတူညီမျှရှိ၍ အရည်အသွေးပြည့်ဝသော ပညာရေးရရှိစေရေးလုပ်ဆောင်ချက်များဟာ နှေးကွေးနေဆဲ ရှိနေပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားနေရင် ၂၀၃၀ခုနှစ်မှာ ကမ္ဘာ့ကလေးသူငယ်သန်း၂၀၀ဟာ စာသင်ကျောင်းများနဲ့ ဝေးနေအုံးမှာ ဖြစ်တယ်။ အခုကိုဗစ်ရောဂါကြောင့် ကလေးသူငယ်၉၀ရာခိုင်နှုန်းဟာ စာသင်ကျောင်းများ မတက်နိုင်ကြပါဘူး။ ကလေးသူငယ်သန်း၅၀၀ဟာ ကိုဗစ်ရောဂါရဲ့သက်ရောက်မှုကြောင့် သင်ကြားရတဲ့ အစားထိုးအဝေးသင်စနစ်ကို လက်လှမ်းမမှီကြပါဘူး။

အရည်အသွေးပြည့်ဝသောပညာရေးရရှိစေရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၄) ဖြစ်ပါတယ်။ အသေးစိတ်ပြောရရင် အဲဒီရည်မှန်းချက်(၄)က အားလုံးပါ၀င်ပြီး တန်းတူညီမျှရှိ၍ အရည်အသွေးပြည့်ဝသော ပညာရေးကိုသေချာရရှိစေရန်နှင့် ရာသတ်ပန်ပညာသင်ကြားရေး အခွင့်အလမ်းများကို မြှင့်တင်ပေးရန် ရည်ရွယ်ထားတယ်။ အဲဒီရည်မှန်းချက်(၄)ရဲ့ ပစ်မှတ်၁၀ခုကတော့ ၂၀၃၀ ပြည့်နှစ်မှာ ကလေးသူငယ်များအားလုံး မူလတန်းနှင့် အလယ်တန်းကျောင်းများကို အခမဲ့ပြီးမြောက်အောင် ပြုလုပ်ပေးနိုင်ရန်၊ သက်မွေးဝမ်းကျောင်းသင်တန်းများအား တန်းတူလက်လှမ်းမီစေရန်၊ ကျား၊ မနှင့်ဆင်းရဲချမ်းသာကွာဟချက်များကို ဖယ်ရှားပေးရန်နှင့် အရည်အသွေးရှိသောအဆင့်မြင့်ပညာရေးကို လက်လှမ်းမီနိုင်စေရန် ရည်ရွယ်ထားတယ်။

မြန်မာနိုင်ငံမှာ အရည်အသွေးပြည့်ဝသောပညာရေးရရှိစေရေးဟာလည်း အများကြီးလိုအပ်နေပါတယ်။ နည်းပညာ၊ ငွေကြေးအင်အားနဲ့ လက်ရှိမူဝါဒတွေ အကောင်အထည်ဖော်နိုင်မှုဟာ လုံလောက်မှုမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ပညာရေးအသုံးစရိတ်ဟာ နိုင်ငံတော်အသုံးစရိတ်ရဲ့ ၁၀ရာခိုင်နှုန်းကျော်ရှိပေမဲ့ နိုင်ငံ့ထုတ်ကုန်ရဲ့ ၂ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကမ္ဘာ့ပျမ်းမျှအကြမ်းဖျဥ်းကတော့ ၁၄ရာခိုင်နှုန်းကျော်နဲ့ ၄ရာခိုင်နှုန်းကျော် အသီးသီးရှိကြပါတယ်။ အသုံးစရိတ်တိုးမြင့်သင့်သလို အကျိုးသက်ရောက်သော မူဝါဒသစ်များ၊ မူဝါဒကောင်းများဖြင့် ရလဒ်ကောင်းများ ညီတူမျှတစွာရရှိကြဖို့လည်း အရေးကြီးပါတယ်။

This is Posts 2 – Advertisement