အရည်အသွေးပြည့်ဝသောပညာရေး
အရည်အသွေးပြည့်ဝသောပညာရေးဆိုတာ ပညာသင်ယူသူတွေကို အသိပညာ၊ အတတ်ပညာများ ရရှိစေရုံသာမက အာရုံစူးစိုက်နိုင်မှု၊ ဝေဖန်စဥ်းစားတွေးခေါ်နိုင်မှု၊ ခွဲခြားစိတ်ဖြာတွေးခေါ်နိုင်မှု တွေကို တိုးတက်စေသလို လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို တိုးတက်စေနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အားလုံးပါ၀င်နိုင်ကာ တန်းတူညီမျှရှိ၍ အရည်အသွေးပြည့်ဝသော ပညာရေးရရှိစေရေးလုပ်ဆောင်ချက်များဟာ နှေးကွေးနေဆဲ ရှိနေပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားနေရင် ၂၀၃၀ခုနှစ်မှာ ကမ္ဘာ့ကလေးသူငယ်သန်း၂၀၀ဟာ စာသင်ကျောင်းများနဲ့ ဝေးနေအုံးမှာ ဖြစ်တယ်။ အခုကိုဗစ်ရောဂါကြောင့် ကလေးသူငယ်၉၀ရာခိုင်နှုန်းဟာ စာသင်ကျောင်းများ မတက်နိုင်ကြပါဘူး။ ကလေးသူငယ်သန်း၅၀၀ဟာ ကိုဗစ်ရောဂါရဲ့သက်ရောက်မှုကြောင့် သင်ကြားရတဲ့ အစားထိုးအဝေးသင်စနစ်ကို […]