Sustainable Development

ရေရှည်တည်တံ့သောမြို့ကြီးများနှင့်လူမှုအသိုင်းအဝိုင်းပေါ်ပေါက်စေရေး

အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲသော မြို့ကြီးများနှင့် လူမှုအသိုင်းအဝိုင်းပေါ်ပေါက်ရေးဟာလည်း နိုင်ငံဖွံ့ဖြိုးရေးနဲ့အေးချမ်းသောလူ့ဘောင် တည်ဆောက်ရေးအတွက် လွန်စွာအရေးကြီးပါတယ်။ မြို့ကြီးများနဲ့ မြို့ပြများဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော အားအင်များဖြစ်ကြပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ဟာ မြို့ကြီးများမှာ နေထိုင်ကြပါတယ်။ ၂၀၅၀ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေသုံးပုံနှစ်ပုံခန့် (လူသန်းပေါင်း ၆၅၀၀)ဟာ မြို့ပြများတွင် နေထိုင်ကြပါလိမ့်မယ်။ လူဦးရေမြင့်တက်ပြီး ပြောင်းရွေ့နေထိုင်မှုတွေ မြင့်မားလာတာနဲ့အမျှ မြို့ကြီးများ ကျယ်ပြန့်ကြီးထွားလာကာ ပျံကျရပ်ကွက်များဟာ မြို့ပြဘဝရဲ့ သိသာတဲ့လက္ခဏာရပ်တစ်ခု ဖြစ်လာပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့စစ်တမ်းအရ ၂၄ရာခိုင်နှုန်းသော မြို့ပြနေသူများဟာ […]