Sustainable Development

လူတိုင်းတတ်နိုင်၍သန့်ရှင်းသောစွမ်းအင်ရရှိရေး

လူအားလုံးလက်လှမ်းမီတတ်နိုင်သော၊ ယုံကြည်စိတ်ချရသော၊ ရေရှည်တည်တံ့သောနှင့် ခေတ်မီစွမ်းအင်ရရှိရန် အလွန်ရေးကြီးပါတယ်။ ၂၀၁၈ခုနှစ်မှာ ကမ္ဘာပေါ်လူဦးရေ သန်း၇၈၉ဟာ လျှပ်စစ်မီးမရရှိကြပါဘူး။ ရရှိခဲ့ရင်တောင် ၂၄နာရီပုံမှန်ရနိုင်သော၊ စျေးနှုန်းသက်သာသော၊ စွမ်းအင်အားအပြည့်အဝရသော လျှပ်စစ်မီးနဲ့ အလှမ်းဝေးနေပါသေးတယ်။ မြန်မာမှာတော့ လျှပ်စစ်မီးရရှိနိုင်မှုဟာ ၂၀၁၅-၂၀၁၆ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ ၃၇ရာခိုင်နှုန်း (အိမ်ထောင်စု ၃.၇သန်း) ရှိရာမှ ၂၀၁၉ခုနှစ်မှာ ၅၀ရာခိုင်နှုန်း (အိမ်ထောင်စု ၅.၅သန်းခန့်) ရှိလာခဲ့တယ်။ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာ အိမ်ထောင်စုများဟာ အမျိုးသားဓါတ်အားလိုင်းတွေကို မဆက်သွယ်နိုင်သေးပါဘူး။ ဒါ့အပြင် လူဦးရေတိုးပွားလာတာနဲ့အမျှ […]