သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး
ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါ၀င်နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အပြည့်အဝ အကျိုးဖြစ်ထွန်းသော အလုပ်အကိုင်များနှင့် သင့်တင့်လျောက်ပတ်သောအလုပ်များ ဖန်တီးပေးနိုင်ခြင်းတို့ဟာ သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး၏ အဓိကရည်ရွယ်ချက်များ ဖြစ်တယ်။ စီးပွားရေးအကျပ်အတည်း နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတို့ရဲ့ သက်ရောက်မှုများကြောင့် အလုပ်အကိုင်သစ်များဖန်တီးနိုင်မှုတွေမှာ အခက်အခဲရှိလာသလို အလုပ်လက်မဲ့ဦးရေလည်း တိုးတက်လာပါတယ်။ သာမန်အချိန်မှာတောင် အလုပ်လက်မဲ့ဦးရေ သန်းပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ၂၀၁၉ခုနှစ်မှာ ပျှမ်းမျှကမ္ဘာ့အလုပ်လက်မဲ့နှုန်းဟာ ၅.၄ရာခိုင်နှုန်းရှိသလို မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁.၅၈ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုလို […]