Thoughts

သူငယ်ချင်းတို့

သူငယ်ချင်းတို့ ငါတို့တွေ လူ့ဘဝကြီးထဲမှာ ခင်မင်ရင်းနှီးခဲ့ကြတာ နှစ်ပေါင်း၃၀ကျော်မကတော့။ ဖဆပလခေတ်ကို မကြုံခဲ့ရပေမဲ့ ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရခေတ်တွေကို ဖြတ်သန်းခဲ့ရတယ်။ မရေရာမသေချာတဲ့အချိန်တွေမှာ ပညာတွေသင်ကြားခဲ့ရသလို လမ်းညွှန်ရာမဲ့တဲ့ ဘဝတွေမှာရုန်းကန်လှုပ်ရှားခဲ့ကြရတယ်။ အောင်မြင်ကျော်ကြားတဲ့သူတွေရှိသလို အဆုံးအရှုံးပေါင်းများစွာကိုအံတုကျော်ဖြတ်နေရဆဲတွေလည်း ရှိတယ်။ အတိတ်ကိုတွေး ခံပြင်းနေသူတွေရှိသလို အနာဂတ်ကိုငေးရင်း မျှော်လင့်ချက်တွေ တမ်းတနေတဲ့သူတွေလည်း ရှိတယ်။ သူငယ်ချင်းတို့ ဒီနေ့မှာ ငါတို့ဟာ ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့ ခံယူချက်တွေကြောင့် ဝါစိမ်းနီပြာတွေကွဲပြားသွားကြပေမဲ့ ငါတို့ဟာ လွန်ခဲ့တဲ့နှစ်၃၀ကျော်တုန်းကလည်း ဒီဝါစိမ်းနီပြာတွေနဲ့ပဲ… မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊မိမိကျောင်းကို […]