Sustainable Development

ကောင်းမွန်သောကျန်းမာရေးနှင့်သုခချမ်းသာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကျန်းမာရေးဆိုသည်မှာရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဖူလုံရေးကိုအပြည့်အဝခံစားနိုင်ပြီး ရောဂါ (သို့မဟုတ်) ဖျားနာမှုမရှိခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ဆိုကြတယ်။ ကောင်းမွန်သောကျန်းမာခြင်းလို့ဆိုရာမှာ သာမန်ကျန်းမာတဲ့ဘဝရှိခြင်းအပြင် မိခင်များကျန်းမာရေး၊ ကလေးသူငယ်နဲ့ရင်သွေးငယ်များ ကျန်းမာရေး၊ မသန်စွမ်းများကျန်းမာရေး၊ ကူးစက်ရောဂါများ ကူးစက်ခြင်းမဟုတ်သောရောဂါများ ကင်းရှင်းခြင်း စသည်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံ ကောင်းမွန်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ အခုလိုကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာ ပိုပြီးသိသာလာပါတယ်။ သာမန်အချိန်မှာတောင် တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်ပိုပြီး သုံးလာခဲ့ကြရတယ်။ ၂၀၁၇မှာ စုစုပေါင်းဒေါ်လာသန်းပေါင်း […]