Sustainable Development

မညီမျှမှုများ လျော့နည်းသွားစေရေး

မညီမျှမှုများဟုဆိုရလျှင် ဝင်ငွေနဲ့ အခွင့်အလမ်းရရှိမှုများ ညီတူညီမျှမရရှိခြင်းလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ် မညီမျှမှုများ ရင်ဆိုင်နေရသူများ၊ ထိခိုက်ခံရလွယ်သူများလို့ ပြောရလျှင် အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ ရွေ့ပြောင်းသူများနဲ့ ဒုက္ခသည်များ ပါဝင်ပါတယ်။ လူတစ်ဦးချင်းစီအလိုက် မညီမျှမှုများရှိသလို ဒေသအလိုက်၊ လူမျိုးအလိုက်၊ နိုင်ငံအလိုက် မညီမျှမှုများ ရှိနေပါသေးတယ်။ ဝင်ငွေမညီမျှမှုများနဲ့အတူ ပြည်သူ့ဝန်ဆောင်မှုများ မလုံလောက်မှုကြောင့် ပညာရေးအခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်နိုင်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုမှာ မညီမျှမှုများ ပိုရှိလာပါတယ်။ ဝင်ငွေမညီမျှမှုများကိုနှိုင်းယှဥ်ကြည့်လိုက်ရင် […]