ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေး
တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သောစီမံအုပ်ချုပ်ရေးတို့မပါရှိဘဲ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးကို မျှော်လင့်မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေးဆိုသည်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းပြီး အားလုံးပါ၀င်သော လူ့အဖွဲ့အစည်းများကိုမြှင့်တင်ပေးရန်၊ အားလုံးအတွက်တရားမျှတမှုရရှိစေရန်နှင့် ထိရောက်သော တာဝန်ခံသော အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများကို အတန်းအစားအမျိုးမျိုးမှာ ဖွဲ့စည်းနိုင်ရန်တို့ကို ရည်ရွယ်ပါတယ်။ နိုင်ငံတကာဥပဒေအောက်မှာ ကာကွယ်စောင့်ရှောက်ထားသော်လည်း နေ့စဉ် လူ၁၀၀ဟာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးနေရပါတယ်။ ကမ္ဘာပေါ်မှာ သန်း၃၀နီးပါး မူလတန်းအရွယ်ကလေးများဟာ ပဋိပက္ခဒေသများမှာ […]