ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး
ကမ္ဘာ့သမုဒ္ဒရာများဟာ မြေပြင်ပေါ်ရှိ လူသားများရှင်သန်နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသည့် ကမ္ဘာ့ဂေဟစနစ်၏ မောင်းနှင်အားဖြစ်ပါတယ်။ လူသားအားလုံးအနေနှင့်လည်း ထိုအရေးပါသော ရေအောက်အရင်းအမြစ်များကို အရေးတကြီးစီမံခန့်ခွဲထိန်းသိမ်းခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို မျှတအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာများဟာ လူသားများ ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၃၀ ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုများကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဟာ သမုဒ္ဒရာများ၊ ပင်လယ်များနှင့် အဏ္ဏဝါအရင်းအမြစ်များကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ထားပါတယ်။ လူဦးရေ ၃ဘီလျံခန့်ဟာ […]