ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး
ငတ်မွတ်ခေါင်းပါးမှုကို အစားအစာအလုံအလောက်မရှိ၍ဆာလောင်ခြင်းလို့ ယေဘုယျသတ်မှတ်ကြပေမဲ့ အသေးစိတ်ကြည့်ရင်တော့ အာဟာရချို့တဲ့ခြင်း၊ ခွန်အားဖြစ်စေသောအစားအစာမစားနိုင်ခြင်းတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာပေါ်ရှိလူ ၉ဦးမှာ ၁ ဦးခန့် (သို့) လူသန်းပေါင်း ၈၂၁သန်းဟာ ၂၀၁၇မှာ နာတာရှည်အာဟာရချို့တဲ့မှုကို ခံစားခဲ့ရပါတယ်။ ငတ်မွတ်ခေါင်းပါးသူ သုံးပုံနှစ်ပုံဟာ မြန်မာအပါအဝင် အာရှနိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ထဲက မြို့နယ် ၅၀ကျော်မှာ အစားအစာမလုံလောက်ဘူးလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရှိ ၅နှစ်အောက်ကလေးတွေထဲမှာ ၃၀ရာခိုင်နှုန်းနီးပါးလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး ကြုံလှီသေးကွေးခြင်း၊ […]