Thoughts

ခေတ်သစ်Odyssey

ခေတ်သစ်Odyssey ခရီးစဉ်တစ်ခုဆိုတာ ရွှေရောင်တောက်ပနေသော စေတီပုထိုးများနဲ့ စိမ်းလန်းတောင်တန်းများရှိရာမြေမှ ဆင်းသက်လာပြီး ပျောက်ဆုံးနေသောလမ်းများကနေ နယ်စပ်မျဉ်းများကို ဖြတ်ကျော်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော သားသမီးတွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ စစ်ပွဲများနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် အမိမြေကိုစွန့်ခွာခဲ့ကြရပြီး၊ စိမ်းကားတဲ့တိုင်းတပါးမှာ ကျွမ်းကျင်အင်ဂျင်နီယာတွေဟာ ဆောက်လုပ်ရေးအလုပ်သမားတွေ ဖြစ်လာကြရသလို၊ ဆရာ/မတွေဟာလည်း အိမ်အကူ၊ ထမင်းချက်‌တွေ ဖြစ်လာခဲ့ကြရတယ်။ ဒီခရီးစဉ်တစ်လျှောက်မှာ သူတို့ဟာ စိတ်ကူးယဉ်ပုံပြင်များထဲကလို ရက်စက်လှတဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံကျော်ဖြတ်နေကြတယ်။ ပတ်စပို့တွေကို သိမ်းထားတဲ့ ပွဲစားတွေက ပုံပြင်ထဲက မျက်လုံးတစ်လုံးတည်းပါ […]