
Sustainable Development
တာဝန်သိသော စားသုံးမှုနှင့်ထုတ်လုပ်မှု ရှိစေရေး
ကမ္ဘာတဝှမ်းမှာ သဘာဝအရင်းအမြစ်များကို အသုံးပြုမှုဟာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ဖို့အတွက် ကုန်ပစ္စည်းများနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်ခြင်း၊ စားသုံးခြင်းအားဖြင့် ဂေဟစနစ်အတွင်းမှ ထုတ်ယူသုံးစွဲမှုများကို အရေးတကြီး လျော့ချခြင်းများ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးရဲ့ ပစ္စည်းထုတ်လုပ်သုံးစွဲမှုဟာ ၂၀၁၀ခုနှစ်မှာ တန်ချိန် ၇၃.၂ဘီလီယံရှိရာမှာ ၂၀၁၇ခုနှစ်မှာ တန်ချိန် ၈၅.၉ဘီလီယံရှိလာပါတယ်။ နှစ်စဉ်လူဦးရေ ၂ ဘီလျံနီးပါးဟာ ငတ်မွတ်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများ ကြုံတွေ့နေရချိန်မှာ အစားအသောက်တန်ချိန်ပေါင်း ၁.၃ […]