တာဝန်သိသော စားသုံးမှုနှင့်ထုတ်လုပ်မှု ရှိစေရေး

ကမ္ဘာတဝှမ်းမှာ သဘာဝအရင်းအမြစ်များကို အသုံးပြုမှုဟာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ဖို့အတွက် ကုန်ပစ္စည်းများနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်ခြင်း၊ စားသုံးခြင်းအားဖြင့် ဂေဟစနစ်အတွင်းမှ ထုတ်ယူသုံးစွဲမှုများကို အရေးတကြီး လျော့ချခြင်းများ လိုအပ်ပါတယ်။

ကမ္ဘာတဝှမ်းလုံးရဲ့ ပစ္စည်းထုတ်လုပ်သုံးစွဲမှုဟာ ၂၀၁၀ခုနှစ်မှာ တန်ချိန် ၇၃.၂ဘီလီယံရှိရာမှာ ၂၀၁၇ခုနှစ်မှာ တန်ချိန် ၈၅.၉ဘီလီယံရှိလာပါတယ်။ နှစ်စဉ်လူဦးရေ ၂ ဘီလျံနီးပါးဟာ ငတ်မွတ်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများ ကြုံတွေ့နေရချိန်မှာ အစားအသောက်တန်ချိန်ပေါင်း ၁.၃ ဘီလျံခန့်ဟာ နှစ်စဉ် လေလွင့်ပျက်စီးလျက်ရှိနေပါတယ်။ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများဟာ ၃၈ရာခိုင်နှုန်း တိုးလာပေမဲ့ ထိုပစ္စည်းများရဲ့ ၂၀ရာခိုင်နှုန်းသာ ပြန်လည် အသုံးပြုကြပါတယ်။ ရေကို စည်းကမ်းမဲ့အလာဟသ အလွန်အကျွန်သုံးစွဲမှုများကြောင့် ရေရှားပါးမှုများလာပါတယ်။ စွမ်းအင်ကိုပိုမိုသုံးစွဲလာတာကြောင့် ကမ္ဘာ့လေထုဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များနဲ့ ပိုမိုညစ်ညမ်းလာပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်(၁၂)ဖြစ်တဲ့ တာဝန်သိသောစားသုံးမှုနှင့်ထုတ်လုပ်မှုရှိစေရေးရဲ့ ပစ်မှတ် ၁၁ခုဟာ ကမ္ဘာတဝှမ်းမှာ မျှဝေသုံးစွဲနေတဲ့ သဘာဝသယံဇာတ အရင်းအမြစ်များကို ကျင်လည်စွာစီမံခန့်ခွဲခြင်းနဲ့ အဆိပ်သင့်စွန့်ပစ်ပစ္စည်းများ၊ ညစ်ညမ်းစေသောပစ္စည်းများ စွန့်ပစ်ပုံနည်းလမ်းကို ကျွမ်းကျင်စွာစီမံခန့်ခွဲခြင်းများကို မျှော်မှန်းထားပါတယ်။ ၂၀၃၀ခုနှစ်အမီ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ စွန့်ပစ်ပစ္စည်းများ ရေရှည်ပိုမို တည်တံ့နိုင်မည့် သုံးစွဲပုံ နည်းလမ်းများသို့ ပြောင်းလဲနိုင်အောင် ပံပိုးကူညီပေးသလို စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအား စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုခြင်း၊ လျော့ချရန်အားပေးခြင်းဟာလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။

ကိုဗစ်ကပ်ရောဂါရဲ့ သက်ရောက်မှု အကောင်းဘက်ကတော့ တာဝန်မဲ့စားသုံးမှု၊ ထုတ်လုပ်မှုများ နည်းပါလာခြင်းကြောင့် ရေရှည်တည်တံ့သော အနာဂတ်ကိုတည်ဆောက်ဖို့အတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ဖော်ထုတ်နိုင်ရန် အခွင့်အလမ်း ပေးထားပါတယ်။ ဖွံ့ဖြိုးစမြန်မာနိုင်ငံအနေနဲ့ တာဝန်မဲ့စားသုံးမှု၊ ထုတ်လုပ်မှုများရဲ့ ဆိုးကျိုးသက်ရောက်မှုနည်းပါးပေမဲ့ အခုအချိန်မှာ ကြိုတင်ပြင်ဆင် အသိပညာပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကျပ်ထိန်းချုပ်ခြင်းများ မလုပ်ထားရင် အနာဂါတ်မျိုးဆက်များအတွက် စိုးရိမ်စရာအခြေအနေကို ရောက်ရှိနိုင်ပါတယ်။

Favorite Quotes

“Yesterday, I was clever so I wanted to change the world. Today, I am wise so I am changing myself.” – Rumi