Sustainable Development
လူတိုင်းနှင့်သက်ဆိုင်ခြင်း
လူတိုင်းနှင့်သက်ဆိုင်သောမူဝါဒများဟုဆိုလျှင် အားလုံးနှင့်ဆိုင်သော တလောကလုံးနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးဝန်ဆောင်မှု၊ အခြေခံဝင်ငွေဖြန့်ဝေမှုတွေကို ချမှတ်ကျင့်သုံး ခြင်းလို့ ဆိုနိုင်ပါတယ်။ လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရေးဝန်ဆောင်မှုများကို မည်သည့်အရပ်ဒေသတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်မျိုးရိုး အဆင့်အတန်းတွင်ဖြစ်စေ လက်လှမ်းမီစွာ တန်းတူအခွင့်အရေးရရှိစေရေးတို့ဟာ လူတိုင်းအတွက် ကျန်းမာရေးလွှမ်းခြုံမှု၊ လူတိုင်းအတွက်ပညာရေး ဖြစ်ပါတယ်။ လူတိုင်းအတွက် အခြေခံဝင်ငွေဆိုတာကတော့ လူများရဲ့ ၀င်ငွေတိုးလာစေရန်အတွက် အစိုးရမှအနည်းဆုံး ပုံမှန်ငွေပေးချေခြင်းကို ရည်ညွှန်းထားပါတယ်။ လူတိုင်းအတွက် ကျန်းမာရေးလွှမ်းခြုံမှုရရှိရေးဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဦးစားပေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ […]