Sustainable Development

ရေရှည်တည်တံ့ခိုင်မြဲရေး

အမြန်နှုန်းတစ်ခု၊ အဆင့်တစ်ခုကို ဟန်ချက်ညီညီ ထိန်းထားနိုင်စွမ်းရှိခြင်းဟာ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် အရေးကြီးပါတယ်။ ရေရှည်ရေရှည်တည်တံ့ရေးလို့ဆိုရင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို တွေးမြင်ကြပါတယ်။ လူတစ်ဦးစီ၊ အဖွဲ့အစည်း တစ်ခုစီ၊ နိုင်ငံတစ်နိုင်ငံစီဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှု၊ ကြံ့ခိုင်မှု၊ တိုးတက်မှု၊ သာယာမှု၊ အေးချမ်းမှု စသည်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် အနည်းနဲ့အများ ကြိုးစားနေကြပါတယ်။ အခုချိန်မှာတေ့ာ လူ့အဖွဲ့အစည်းများ၊ နိုင်ငံများဟာ သူတို့ရင်ဆိုင်နေရတဲ့ သဘာဝပတ်၀န်းကျင်နှင့် လူမှုရေးပြဿနာများ အကျပ်အတည်းများကြောင့် ‘ရေရှည်တည်တံ့ခိုင်မြဲရေး’ […]

Sustainable Development

တာဝန်သိသော စားသုံးမှုနှင့်ထုတ်လုပ်မှု ရှိစေရေး

ကမ္ဘာတဝှမ်းမှာ သဘာဝအရင်းအမြစ်များကို အသုံးပြုမှုဟာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ဖို့အတွက် ကုန်ပစ္စည်းများနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်ခြင်း၊ စားသုံးခြင်းအားဖြင့် ဂေဟစနစ်အတွင်းမှ ထုတ်ယူသုံးစွဲမှုများကို အရေးတကြီး လျော့ချခြင်းများ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးရဲ့ ပစ္စည်းထုတ်လုပ်သုံးစွဲမှုဟာ ၂၀၁၀ခုနှစ်မှာ တန်ချိန် ၇၃.၂ဘီလီယံရှိရာမှာ ၂၀၁၇ခုနှစ်မှာ တန်ချိန် ၈၅.၉ဘီလီယံရှိလာပါတယ်။ နှစ်စဉ်လူဦးရေ ၂ ဘီလျံနီးပါးဟာ ငတ်မွတ်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများ ကြုံတွေ့နေရချိန်မှာ အစားအသောက်တန်ချိန်ပေါင်း ၁.၃ […]

Sustainable Development

ရေရှည်တည်တံ့သောမြို့ကြီးများနှင့်လူမှုအသိုင်းအဝိုင်းပေါ်ပေါက်စေရေး

အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲသော မြို့ကြီးများနှင့် လူမှုအသိုင်းအဝိုင်းပေါ်ပေါက်ရေးဟာလည်း နိုင်ငံဖွံ့ဖြိုးရေးနဲ့အေးချမ်းသောလူ့ဘောင် တည်ဆောက်ရေးအတွက် လွန်စွာအရေးကြီးပါတယ်။ မြို့ကြီးများနဲ့ မြို့ပြများဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော အားအင်များဖြစ်ကြပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ဟာ မြို့ကြီးများမှာ နေထိုင်ကြပါတယ်။ ၂၀၅၀ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေသုံးပုံနှစ်ပုံခန့် (လူသန်းပေါင်း ၆၅၀၀)ဟာ မြို့ပြများတွင် နေထိုင်ကြပါလိမ့်မယ်။ လူဦးရေမြင့်တက်ပြီး ပြောင်းရွေ့နေထိုင်မှုတွေ မြင့်မားလာတာနဲ့အမျှ မြို့ကြီးများ ကျယ်ပြန့်ကြီးထွားလာကာ ပျံကျရပ်ကွက်များဟာ မြို့ပြဘဝရဲ့ သိသာတဲ့လက္ခဏာရပ်တစ်ခု ဖြစ်လာပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့စစ်တမ်းအရ ၂၄ရာခိုင်နှုန်းသော မြို့ပြနေသူများဟာ […]