Sustainable Development

လူတိုင်းတတ်နိုင်၍သန့်ရှင်းသောစွမ်းအင်ရရှိရေး

လူအားလုံးလက်လှမ်းမီတတ်နိုင်သော၊ ယုံကြည်စိတ်ချရသော၊ ရေရှည်တည်တံ့သောနှင့် ခေတ်မီစွမ်းအင်ရရှိရန် အလွန်ရေးကြီးပါတယ်။ ၂၀၁၈ခုနှစ်မှာ ကမ္ဘာပေါ်လူဦးရေ သန်း၇၈၉ဟာ လျှပ်စစ်မီးမရရှိကြပါဘူး။ ရရှိခဲ့ရင်တောင် ၂၄နာရီပုံမှန်ရနိုင်သော၊ စျေးနှုန်းသက်သာသော၊ စွမ်းအင်အားအပြည့်အဝရသော လျှပ်စစ်မီးနဲ့ အလှမ်းဝေးနေပါသေးတယ်။ မြန်မာမှာတော့ လျှပ်စစ်မီးရရှိနိုင်မှုဟာ ၂၀၁၅-၂၀၁၆ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ ၃၇ရာခိုင်နှုန်း (အိမ်ထောင်စု ၃.၇သန်း) ရှိရာမှ ၂၀၁၉ခုနှစ်မှာ ၅၀ရာခိုင်နှုန်း (အိမ်ထောင်စု ၅.၅သန်းခန့်) ရှိလာခဲ့တယ်။ ဒါပေမဲ့ ကျေးလက်ဒေသတွေမှာ အိမ်ထောင်စုများဟာ အမျိုးသားဓါတ်အားလိုင်းတွေကို မဆက်သွယ်နိုင်သေးပါဘူး။ ဒါ့အပြင် လူဦးရေတိုးပွားလာတာနဲ့အမျှ […]

Sustainable Development

သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ်စနစ်ရရှိရေး

အားလုံးအတွက် သန့်ရှင်းသောသောက်သုံးရေနဲ့ ကောင်းမွန်သောရေဆိုးနုတ်စနစ်တို့ကို အသင့်ရရှိစေပြီး ရေရှည်တည်တံ့စွာ စီမံခန့်ခွဲနိုင်ခြင်းဟာ သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ် (မိလ္လာ) စနစ်ရရှိရေးတို့ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ မသန့်ရှင်းသော သောက်သုံးရေနဲ့ ရေဆိုးများကြောင့် နှစ်စဥ်လူပေါင်းများစွာ မလိုအပ်ပဲ ရောဂါမျိုးစုံကူးစက်ခံရပါတယ်။ ကိုဗစ်ကာလမှာလည်း ကမ္ဘာ့တချို့ ဒေသတွေမှာ သန့်ရှင်းသောရေရရှိနိုင်မှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းနိုင်သော အခြေအနေမရှိတာကြောင့် ပိုမိုရောဂါပြန့်ပွားစေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဌာန (၄) ခုမှာ (၁) ခုမှာလည်း အခြေခံရေရရှိမှု မရှိပါဘူး။ ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၂၂၀၀ […]