Sustainable Development

သာတူညီမျှရှိခြင်း

တန်းတူညီမျှရှိတိုင်းလည်း သာတူညီမျှမရှိနိုင်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် လူတိုင်းကို တန်းတူ ညီမျှ ငွေတစ်သိန်းပေးပေမဲ့ ဒီလူတိုင်းဟာ သာတူညီမျှမရှိလာပါဘူး။ သာတူညီမျှရှိစေချင်ရင် ချမ်းသာသူတွေထက် ဆင်းရဲသူများကို ငွေပိုပေးခြင်းဖြင့် သာတူညီမျှရှိလာအောင် လုပ်လို့ ရပါတယ်။ ဒီဥပမာကိုကြည့်ရင် တန်းတူညီမျှအကျိုးခံစားအောင် လုပ်ရတာလွယ်ပေမဲ့ သာတူညီမျှအကျိုးခံစားအောင် လုပ်ရတာ ခက်တယ်ဆိုတာ မြင်နိုင်ပါတယ်။ အားကစားလုပ်ရာမှာ အကျောပေးတယ်ဆိုတာ သာတူညီမျှရှိအောင် လုပ်တာလို့ ပြောလို့ရပါတယ်။ တက္ကသိုလ်ဝင်ခွင့် အမှတ်များကို ယောကျ်ားလေးနဲ့မိန်းကလေးများအတွက် မတူအောင်ထားတာကလည်း သာတူညီမျှ ရှိအောင် လုပ်ထားခြင်းပဲ။ […]

Sustainable Development

ရေရှည်တည်တံ့ခိုင်မြဲရေး

အမြန်နှုန်းတစ်ခု၊ အဆင့်တစ်ခုကို ဟန်ချက်ညီညီ ထိန်းထားနိုင်စွမ်းရှိခြင်းဟာ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် အရေးကြီးပါတယ်။ ရေရှည်ရေရှည်တည်တံ့ရေးလို့ဆိုရင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို တွေးမြင်ကြပါတယ်။ လူတစ်ဦးစီ၊ အဖွဲ့အစည်း တစ်ခုစီ၊ နိုင်ငံတစ်နိုင်ငံစီဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှု၊ ကြံ့ခိုင်မှု၊ တိုးတက်မှု၊ သာယာမှု၊ အေးချမ်းမှု စသည်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် အနည်းနဲ့အများ ကြိုးစားနေကြပါတယ်။ အခုချိန်မှာတေ့ာ လူ့အဖွဲ့အစည်းများ၊ နိုင်ငံများဟာ သူတို့ရင်ဆိုင်နေရတဲ့ သဘာဝပတ်၀န်းကျင်နှင့် လူမှုရေးပြဿနာများ အကျပ်အတည်းများကြောင့် ‘ရေရှည်တည်တံ့ခိုင်မြဲရေး’ […]

Sustainable Development

အားလုံးပါဝင်စေခြင်း

လူ့အသိုင်းအဝိုင်းမှာ လူနည်းစုအုပ်စုများ၊ ပစ်ပယ်ထားခြင်းခံရသောသူများဟာ အခွင့်အလမ်းများ၊ အရင်းအမြစ်များကို အားလုံးနည်းတူ တန်းတူလက်လှမ်းမီစွာ ရရှိစေသော အလေ့အကျင့်များ၊ မူဝါဒများ ရှိစေခြင်းကို အားလုံးပါဝင်စေခြင်းလို့ အကျဥ်းချုပ်ပြောလို့ရပါတယ်။ တန်းတူညီမျှ မရှိခြင်းဟာ အားလုံးပါဝင်စေခြင်းကို အဟန့်အတားဖြစ်စေပါတယ်။ အသက်၊ လိင်၊ မသန်စွမ်းမှု၊ လူမျိုး၊ ဘာသာစကား၊ မျိုးရိုး၊ ဘာသာ၊ စီးပွားရေး (သို့မဟုတ်) တခြားအဆင့်အတန်းများကြောင့် အခွင့်အလန်းများ၊ အရင်းအမြစ်များ တန်းတူညီမျှမရှိမှုကို ဖြစ်စေပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ ကြိုးပမ်းမှုများကြောင့် အားလုံးပါဝင်လာနိုင်အောင် လုပ်ဆောင်နိုင်လာကြပေမဲ့ […]

Sustainable Development

ဒဏ်ခံနိုင်ရည်ရှိခြင်း

ဒဏ်ခံနိုင်ရည်ရှိခြင်းဟုဆိုရင် အခက်အခဲများမှ လျင်မြန်စွာပြန်လည်နာလန်ထူနိုင်စွမ်းရှိခြင်း၊ ဒူပေနာပေခံနိုင်ခြင်း၊ အကြမ်းပတမ်းခံနိုင်ခြင်းလို့ ဆိုနိုင်ပါတယ်။ ခံနိုင်ရည်ရှိခြင်းဟာ လူတစ်ဦးချင်းစီ၊ လူ့အသိုင်းအဝိုင်းများနဲ့ စနစ်တွေကို အခက်အခဲ၊ ဖိအားများကြားမှာ ရှင်သန်ရန်၊ လိုက်လျောညီထွေမှုရှိရန်၊ ကြီးထွားတိုးတက်ရန်၊ အန္တရာယ်များကို အခွင့်အလမ်းများအဖြစ် ဖန်တီးနိုင်ရန်နဲ့ သင့်လျော်တဲ့ အချိန်အခါအလိုက် အခြေအနေများကို လိုအပ်သလို အသွင် ကူးပြောင်းရန်တို့ကို ဖြစ်မြောက်စေပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ လူတစ်ဦးချင်းစီ၊ လူ့အသိုင်း အဝိုင်းများနဲ့ နိုင်ငံတွေရဲ့ ဒဏ်ခံနိုင်ရည်ရှိခြင်းကို စမ်းသပ်နေသလို ဖြစ်နေပါတယ်။ အသေးစိတ် အနေနဲ့ပြောရရင် […]

Sustainable Development

ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး

ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဆိုတာဟာ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုမှုကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များကို အားကောင်းသော အပြည်ပြည်ဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ အသက်ဝင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့မှုမှာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁၄၇ ဘီလျံအထိ ရှိခဲ့ပါတယ်။ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများမှ သယ်ဆောင်လာတဲ့ လူသားခြင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခများကိုကြုံတွေ့နေရစဉ်မှာ ငွေကြေး ထောက်ပံ့မှုများနှင့် အကူအညီများကို ပိုမို၍ […]

Sustainable Development

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေး

တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သောစီမံအုပ်ချုပ်ရေးတို့မပါရှိဘဲ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးကို မျှော်လင့်မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေးဆိုသည်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းပြီး အားလုံးပါ၀င်သော လူ့အဖွဲ့အစည်းများကိုမြှင့်တင်ပေးရန်၊ အားလုံးအတွက်တရားမျှတမှုရရှိစေရန်နှင့် ထိရောက်သော တာဝန်ခံသော အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများကို အတန်းအစားအမျိုးမျိုးမှာ ဖွဲ့စည်းနိုင်ရန်တို့ကို ရည်ရွယ်ပါတယ်။ နိုင်ငံတကာဥပဒေအောက်မှာ ကာကွယ်စောင့်ရှောက်ထားသော်လည်း နေ့စဉ် လူ၁၀၀ဟာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးနေရပါတယ်။ ကမ္ဘာပေါ်မှာ သန်း၃၀နီးပါး မူလတန်းအရွယ်ကလေးများဟာ ပဋိပက္ခဒေသများမှာ […]

Sustainable Development

မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာဟာ သစ်တောများကို ရေရှည်တည်တံ့ အောင် စီမံခန့်ခွဲခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုများကို တိုက်ဖျက်ခြင်း၊ မြေယာပြုန်းတီးခြင်းကိုရပ်တန့် စေရန်နှင့် ဇီ၀မျိုးကွဲများဆုံရှုံးမှုရပ်တန့်စေရန်ကို ရည်ရွယ်ထားပါတယ်။ လူသားများဟာ အဟာရ ဓာတ်များနှင့် လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်သမုဒ္ဒရာအပေါ် မှီခိုနေရသကဲ့သို့ ကမ္ဘာ့မြေ ပြင်အပေါ်တွင်လည်း မှီခိုနေရပါတယ်။ သီးပင်သီးနှံများဟာ လူသားများအစားအသောက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး စိုက်ပျိုး‌ရေးဟာလည်း အရေးပါတဲ့ စီးပွားရေး အရင်းအမြစ် တစ်ရပ်အဖြစ် ရပ်တည်နေပါတယ်။ သို့အတူ သစ်တောများဟာ ကမ္ဘာမြေပြင်ရဲ့  […]

Sustainable Development

ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

ကမ္ဘာ့သမုဒ္ဒရာများဟာ မြေပြင်ပေါ်ရှိ လူသားများရှင်သန်နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသည့် ကမ္ဘာ့ဂေဟစနစ်၏ မောင်းနှင်အားဖြစ်ပါတယ်။ လူသားအားလုံးအနေနှင့်လည်း ထိုအရေးပါသော ရေအောက်အရင်းအမြစ်များကို အရေးတကြီးစီမံခန့်ခွဲထိန်းသိမ်းခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို မျှတအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာများဟာ လူသားများ ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၃၀ ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုများကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဟာ သမုဒ္ဒရာများ၊ ပင်လယ်များနှင့် အဏ္ဏဝါအရင်းအမြစ်များကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ထားပါတယ်။ လူဦးရေ ၃ဘီလျံခန့်ဟာ […]

Sustainable Development

ရာသီဥတုပြောင်းလဲခြင်းသက်ရောက်မှုများ တိုက်ဖျက်ရန် အရေးတကြီးလုပ်ဆောင်ရေး

ကမ္ဘာ့အသိုင်းအဝိုင်းဟာ ရာသီဥတုနှင့်ဆိုင်သောပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် ကတိက၀တ်များမှ ရှောင်ရှားနေကြတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ ပြင်းထန်သော အကျိုးဆက်များကို မကြုံတွေ့မခံစားဘူးနေရတဲ့ နိုင်ငံဟူ၍မရှိပါဘူး။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ၁၉၉၀ခုနှစ်ထက် ၅၀ရာခိုင်နှုန်းခန့် ပို၍မြင့်တတ်လျက်ရှိပါတယ်။ ၂၀၁၉ခုနှစ်ဟာ မှတ်တမ်းအရ ဒုတိယအပူဆုံးနှစ် ဖြစ်ပါတယ်။ ၁၉၀၁ခုနှစ်မှ ၂၀၁၀ခုနှစ် အတွင်းမှာ ကမ္ဘာ့အပူချိန် ပူနွေးလာမှုနှင့် ရေခဲအရည်ပျော်မှုကြောင့် သမုဒ္ဒရာများ တိုးချဲ့လာသည်နှင့်အမျှ ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်ဟာ ပျှမ်းမျှ ၁၉စင်တီမီတာ မြင့်တက်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ သဘာဝဘေးအန္တရာယ်များ […]

Sustainable Development

တာဝန်သိသော စားသုံးမှုနှင့်ထုတ်လုပ်မှု ရှိစေရေး

ကမ္ဘာတဝှမ်းမှာ သဘာဝအရင်းအမြစ်များကို အသုံးပြုမှုဟာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ဖို့အတွက် ကုန်ပစ္စည်းများနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်ခြင်း၊ စားသုံးခြင်းအားဖြင့် ဂေဟစနစ်အတွင်းမှ ထုတ်ယူသုံးစွဲမှုများကို အရေးတကြီး လျော့ချခြင်းများ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးရဲ့ ပစ္စည်းထုတ်လုပ်သုံးစွဲမှုဟာ ၂၀၁၀ခုနှစ်မှာ တန်ချိန် ၇၃.၂ဘီလီယံရှိရာမှာ ၂၀၁၇ခုနှစ်မှာ တန်ချိန် ၈၅.၉ဘီလီယံရှိလာပါတယ်။ နှစ်စဉ်လူဦးရေ ၂ ဘီလျံနီးပါးဟာ ငတ်မွတ်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများ ကြုံတွေ့နေရချိန်မှာ အစားအသောက်တန်ချိန်ပေါင်း ၁.၃ […]