Sustainable Development

သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ်စနစ်ရရှိရေး

အားလုံးအတွက် သန့်ရှင်းသောသောက်သုံးရေနဲ့ ကောင်းမွန်သောရေဆိုးနုတ်စနစ်တို့ကို အသင့်ရရှိစေပြီး ရေရှည်တည်တံ့စွာ စီမံခန့်ခွဲနိုင်ခြင်းဟာ သန့်ရှင်းသောသောက်သုံးရေနှင့် ရေဆိုးနုတ် (မိလ္လာ) စနစ်ရရှိရေးတို့ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ မသန့်ရှင်းသော သောက်သုံးရေနဲ့ ရေဆိုးများကြောင့် နှစ်စဥ်လူပေါင်းများစွာ မလိုအပ်ပဲ ရောဂါမျိုးစုံကူးစက်ခံရပါတယ်။ ကိုဗစ်ကာလမှာလည်း ကမ္ဘာ့တချို့ ဒေသတွေမှာ သန့်ရှင်းသောရေရရှိနိုင်မှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းနိုင်သော အခြေအနေမရှိတာကြောင့် ပိုမိုရောဂါပြန့်ပွားစေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဌာန (၄) ခုမှာ (၁) ခုမှာလည်း အခြေခံရေရရှိမှု မရှိပါဘူး။ ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၂၂၀၀ […]

Sustainable Development

ကျား၊မ တန်းတူညီမျှမှုရှိရေး

ကျား၊မ တန်းတူညီမျှမှုဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသောလူ့အသိုင်းအဝိုင်းရရှိရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကျား၊မရေးရာတန်းတူညီမျှမှုဆိုတာ လူမှုစီးပွားရေးလှုပ်ရှားမှုတွေနဲ့ ဆုံးဖြတ်ချက်ချခြင်းတွေမှာ ကျား၊ မ မခွဲခြားဘဲ ပါဝင်နိုင်စေရန် အရင်းအမြစ်များနှင့် အခွင့်အလမ်းများကို တန်းတူအလွယ်တကူရရှိနိုင်သော အခြေအနေရှိခြင်းလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက် အခွင့်အလမ်းများ ပိုမိုတန်းတူညီမျှရရှိရန် လိုအပ်ပါတယ်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ခြင်းဖြင့် နိုင်ငံ့လူမှု၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ များစွာအထောက်အကူပြုနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ကျား၊မ တန်းတူညီမျှဖြစ်ရေးလုပ်ဆောင်ချက်တွေဟာ တိုးတက်သင့်သလောက် တိုးတက်လာကြပေမဲ့ ရည်မှန်းချက်တွေ အပြည့်အဝမရရှိသေးပါဘူး။ […]

Sustainable Development

အရည်အသွေးပြည့်ဝသောပညာရေး

အရည်အသွေးပြည့်ဝသောပညာရေးဆိုတာ ပညာသင်ယူသူတွေကို အသိပညာ၊ အတတ်ပညာများ ရရှိစေရုံသာမက အာရုံစူးစိုက်နိုင်မှု၊ ဝေဖန်စဥ်းစားတွေးခေါ်နိုင်မှု၊ ခွဲခြားစိတ်ဖြာတွေးခေါ်နိုင်မှု တွေကို တိုးတက်စေသလို လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို တိုးတက်စေနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အားလုံးပါ၀င်နိုင်ကာ တန်းတူညီမျှရှိ၍ အရည်အသွေးပြည့်ဝသော ပညာရေးရရှိစေရေးလုပ်ဆောင်ချက်များဟာ နှေးကွေးနေဆဲ ရှိနေပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားနေရင် ၂၀၃၀ခုနှစ်မှာ ကမ္ဘာ့ကလေးသူငယ်သန်း၂၀၀ဟာ စာသင်ကျောင်းများနဲ့ ဝေးနေအုံးမှာ ဖြစ်တယ်။ အခုကိုဗစ်ရောဂါကြောင့် ကလေးသူငယ်၉၀ရာခိုင်နှုန်းဟာ စာသင်ကျောင်းများ မတက်နိုင်ကြပါဘူး။ ကလေးသူငယ်သန်း၅၀၀ဟာ ကိုဗစ်ရောဂါရဲ့သက်ရောက်မှုကြောင့် သင်ကြားရတဲ့ အစားထိုးအဝေးသင်စနစ်ကို […]

Sustainable Development

ကောင်းမွန်သောကျန်းမာရေးနှင့်သုခချမ်းသာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကျန်းမာရေးဆိုသည်မှာရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဖူလုံရေးကိုအပြည့်အဝခံစားနိုင်ပြီး ရောဂါ (သို့မဟုတ်) ဖျားနာမှုမရှိခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ဆိုကြတယ်။ ကောင်းမွန်သောကျန်းမာခြင်းလို့ဆိုရာမှာ သာမန်ကျန်းမာတဲ့ဘဝရှိခြင်းအပြင် မိခင်များကျန်းမာရေး၊ ကလေးသူငယ်နဲ့ရင်သွေးငယ်များ ကျန်းမာရေး၊ မသန်စွမ်းများကျန်းမာရေး၊ ကူးစက်ရောဂါများ ကူးစက်ခြင်းမဟုတ်သောရောဂါများ ကင်းရှင်းခြင်း စသည်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံ ကောင်းမွန်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ အခုလိုကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှာ ပိုပြီးသိသာလာပါတယ်။ သာမန်အချိန်မှာတောင် တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်ပိုပြီး သုံးလာခဲ့ကြရတယ်။ ၂၀၁၇မှာ စုစုပေါင်းဒေါ်လာသန်းပေါင်း […]

Sustainable Development

ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး

ငတ်မွတ်ခေါင်းပါးမှုကို အစားအစာအလုံအလောက်မရှိ၍ဆာလောင်ခြင်းလို့ ယေဘုယျသတ်မှတ်ကြပေမဲ့ အသေးစိတ်ကြည့်ရင်တော့ အာဟာရချို့တဲ့ခြင်း၊ ခွန်အားဖြစ်စေသောအစားအစာမစားနိုင်ခြင်းတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာပေါ်ရှိလူ ၉ဦးမှာ ၁ ဦးခန့် (သို့) လူသန်းပေါင်း ၈၂၁သန်းဟာ ၂၀၁၇မှာ နာတာရှည်အာဟာရချို့တဲ့မှုကို ခံစားခဲ့ရပါတယ်။ ငတ်မွတ်ခေါင်းပါးသူ သုံးပုံနှစ်ပုံဟာ မြန်မာအပါအဝင် အာရှနိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ထဲက မြို့နယ် ၅၀ကျော်မှာ အစားအစာမလုံလောက်ဘူးလို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရှိ ၅နှစ်အောက်ကလေးတွေထဲမှာ ၃၀ရာခိုင်နှုန်းနီးပါးလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး ကြုံလှီသေးကွေးခြင်း၊ […]

Sustainable Development

ဆင်းရဲနွမ်းပါးမှုပပျောက်ရေး

ဆင်းရဲနွမ်းပါးမှုဆိုတာ ရေရှည်တည်တံ့ခိုင်မြဲသောအသက်မွေး၀မ်းကျောင်းမှုရရှိရန်အတွက် ၀င်ငွေနှင့်ကုန်ထုတ်စွမ်းအားများမရရှိခြင်းထက် ပိုမိုတယ်လို့ဆိုကြပေမဲ့လည်း ဆင်းရဲနွမ်းပါးမှုနက်ရှိုင်းမှုကို အကျမ်းဖျဥ်းအားဖြင့် ဝင်ငွေနဲ့တိုင်းတာကြတယ်။ စံသတ်မှတ်ချက်တွေက နိုင်ငံတွေရဲ့ဝင်ငွေပေါ်မှာမူတည်ပြီး မတူကြဘူး။ ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တစ်နေ့ဝင်ငွေ ၁.၉၀ဒေါ်လာ (၂,၅၀၀ကျပ်)သတ်မှတ်ထားပေမဲ့ နိုင်ငံတွေရဲ့ အမျိုးသားဆင်းရဲနွမ်းပါးမှုပြမျဥ်းတွေက ကွဲလွဲကြတယ်။ မြန်မာနိုင်ငံကတော့ တစ်နေ့ဝင်ငွေ ၁,၅၉၀ကျပ် (၂၀၁၇) အောက်ရောက်သူတွေကို ဆင်းရဲနွမ်းပါးတယ်လို့ သတ်မှတ်ထားတယ်။ ၂၀၁၇ ခုနှစ်မြန်မာနိုင်ငံနေထိုင်မှုအခြေအနေစစ်တမ်း၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံလူဦးရေ၏ ၂၄.၈ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များရဲ့ ရည်မှန်းချက်(၁)ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်(၁)ရဲ့ ပစ်မှတ် […]

Digital Economy

Digital Value Chains

References Digitizing the value chains Regional Integration and Value Chains Analyzer (RIVA)

ICT for Development

The special case of Myanmar and key focus areas

15 June 2012: Myanmar, being one of the world’s smallest recipients of international assistance for many years, is a country with immense potential. With tremendous resources; a burgeoning workforce, fertile soils, energy, minerals, and fishery […]

Public Administration

Public Sector Transformation (Reform) in Myanmar (2010)

The objectives of this study are: to do some literature reviews in the area of Myanmar administrative transformation (reform) in the public sector; to identify general aspects of those development, together with other relevant topics; […]