Sustainable Development

ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး

ရည်မှန်းချက်အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးဆိုတာဟာ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုမှုကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များကို အားကောင်းသော အပြည်ပြည်ဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ အသက်ဝင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့မှုမှာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁၄၇ ဘီလျံအထိ ရှိခဲ့ပါတယ်။ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများမှ သယ်ဆောင်လာတဲ့ လူသားခြင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခများကိုကြုံတွေ့နေရစဉ်မှာ ငွေကြေး ထောက်ပံ့မှုများနှင့် အကူအညီများကို ပိုမို၍ […]

Sustainable Development

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေး

တရားဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သောစီမံအုပ်ချုပ်ရေးတို့မပါရှိဘဲ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးကို မျှော်လင့်မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ ခိုင်မာအားကောင်းလာရေးဆိုသည်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းပြီး အားလုံးပါ၀င်သော လူ့အဖွဲ့အစည်းများကိုမြှင့်တင်ပေးရန်၊ အားလုံးအတွက်တရားမျှတမှုရရှိစေရန်နှင့် ထိရောက်သော တာဝန်ခံသော အားလုံးပါဝင်နိုင်သော အဖွဲ့အစည်းများကို အတန်းအစားအမျိုးမျိုးမှာ ဖွဲ့စည်းနိုင်ရန်တို့ကို ရည်ရွယ်ပါတယ်။ နိုင်ငံတကာဥပဒေအောက်မှာ ကာကွယ်စောင့်ရှောက်ထားသော်လည်း နေ့စဉ် လူ၁၀၀ဟာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးနေရပါတယ်။ ကမ္ဘာပေါ်မှာ သန်း၃၀နီးပါး မူလတန်းအရွယ်ကလေးများဟာ ပဋိပက္ခဒေသများမှာ […]

Sustainable Development

မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာဟာ သစ်တောများကို ရေရှည်တည်တံ့ အောင် စီမံခန့်ခွဲခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုများကို တိုက်ဖျက်ခြင်း၊ မြေယာပြုန်းတီးခြင်းကိုရပ်တန့် စေရန်နှင့် ဇီ၀မျိုးကွဲများဆုံရှုံးမှုရပ်တန့်စေရန်ကို ရည်ရွယ်ထားပါတယ်။ လူသားများဟာ အဟာရ ဓာတ်များနှင့် လူမှုဘဝရပ်တည်ရေးအတွက် ပင်လယ်သမုဒ္ဒရာအပေါ် မှီခိုနေရသကဲ့သို့ ကမ္ဘာ့မြေ ပြင်အပေါ်တွင်လည်း မှီခိုနေရပါတယ်။ သီးပင်သီးနှံများဟာ လူသားများအစားအသောက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး စိုက်ပျိုး‌ရေးဟာလည်း အရေးပါတဲ့ စီးပွားရေး အရင်းအမြစ် တစ်ရပ်အဖြစ် ရပ်တည်နေပါတယ်။ သို့အတူ သစ်တောများဟာ ကမ္ဘာမြေပြင်ရဲ့  […]

Sustainable Development

ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး

ကမ္ဘာ့သမုဒ္ဒရာများဟာ မြေပြင်ပေါ်ရှိ လူသားများရှင်သန်နေထိုင်နိုင်ရန် ပြုလုပ်ပေးနေသည့် ကမ္ဘာ့ဂေဟစနစ်၏ မောင်းနှင်အားဖြစ်ပါတယ်။ လူသားအားလုံးအနေနှင့်လည်း ထိုအရေးပါသော ရေအောက်အရင်းအမြစ်များကို အရေးတကြီးစီမံခန့်ခွဲထိန်းသိမ်းခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို မျှတအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာများဟာ လူသားများ ထုတ်လုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၃၀ ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုများကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးဟာ သမုဒ္ဒရာများ၊ ပင်လယ်များနှင့် အဏ္ဏဝါအရင်းအမြစ်များကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ထားပါတယ်။ လူဦးရေ ၃ဘီလျံခန့်ဟာ […]

Sustainable Development

ရာသီဥတုပြောင်းလဲခြင်းသက်ရောက်မှုများ တိုက်ဖျက်ရန် အရေးတကြီးလုပ်ဆောင်ရေး

ကမ္ဘာ့အသိုင်းအဝိုင်းဟာ ရာသီဥတုနှင့်ဆိုင်သောပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် ကတိက၀တ်များမှ ရှောင်ရှားနေကြတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ ပြင်းထန်သော အကျိုးဆက်များကို မကြုံတွေ့မခံစားဘူးနေရတဲ့ နိုင်ငံဟူ၍မရှိပါဘူး။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ၁၉၉၀ခုနှစ်ထက် ၅၀ရာခိုင်နှုန်းခန့် ပို၍မြင့်တတ်လျက်ရှိပါတယ်။ ၂၀၁၉ခုနှစ်ဟာ မှတ်တမ်းအရ ဒုတိယအပူဆုံးနှစ် ဖြစ်ပါတယ်။ ၁၉၀၁ခုနှစ်မှ ၂၀၁၀ခုနှစ် အတွင်းမှာ ကမ္ဘာ့အပူချိန် ပူနွေးလာမှုနှင့် ရေခဲအရည်ပျော်မှုကြောင့် သမုဒ္ဒရာများ တိုးချဲ့လာသည်နှင့်အမျှ ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်ဟာ ပျှမ်းမျှ ၁၉စင်တီမီတာ မြင့်တက်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ သဘာဝဘေးအန္တရာယ်များ […]

Sustainable Development

တာဝန်သိသော စားသုံးမှုနှင့်ထုတ်လုပ်မှု ရှိစေရေး

ကမ္ဘာတဝှမ်းမှာ သဘာဝအရင်းအမြစ်များကို အသုံးပြုမှုဟာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ စီးပွားရေးဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ဖို့အတွက် ကုန်ပစ္စည်းများနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ပုံစံပြောင်းလဲ ထုတ်လုပ်ခြင်း၊ စားသုံးခြင်းအားဖြင့် ဂေဟစနစ်အတွင်းမှ ထုတ်ယူသုံးစွဲမှုများကို အရေးတကြီး လျော့ချခြင်းများ လိုအပ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးရဲ့ ပစ္စည်းထုတ်လုပ်သုံးစွဲမှုဟာ ၂၀၁၀ခုနှစ်မှာ တန်ချိန် ၇၃.၂ဘီလီယံရှိရာမှာ ၂၀၁၇ခုနှစ်မှာ တန်ချိန် ၈၅.၉ဘီလီယံရှိလာပါတယ်။ နှစ်စဉ်လူဦးရေ ၂ ဘီလျံနီးပါးဟာ ငတ်မွတ်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းများ ကြုံတွေ့နေရချိန်မှာ အစားအသောက်တန်ချိန်ပေါင်း ၁.၃ […]

Sustainable Development

ရေရှည်တည်တံ့သောမြို့ကြီးများနှင့်လူမှုအသိုင်းအဝိုင်းပေါ်ပေါက်စေရေး

အားလုံးအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲသော မြို့ကြီးများနှင့် လူမှုအသိုင်းအဝိုင်းပေါ်ပေါက်ရေးဟာလည်း နိုင်ငံဖွံ့ဖြိုးရေးနဲ့အေးချမ်းသောလူ့ဘောင် တည်ဆောက်ရေးအတွက် လွန်စွာအရေးကြီးပါတယ်။ မြို့ကြီးများနဲ့ မြို့ပြများဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော အားအင်များဖြစ်ကြပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ဟာ မြို့ကြီးများမှာ နေထိုင်ကြပါတယ်။ ၂၀၅၀ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေသုံးပုံနှစ်ပုံခန့် (လူသန်းပေါင်း ၆၅၀၀)ဟာ မြို့ပြများတွင် နေထိုင်ကြပါလိမ့်မယ်။ လူဦးရေမြင့်တက်ပြီး ပြောင်းရွေ့နေထိုင်မှုတွေ မြင့်မားလာတာနဲ့အမျှ မြို့ကြီးများ ကျယ်ပြန့်ကြီးထွားလာကာ ပျံကျရပ်ကွက်များဟာ မြို့ပြဘဝရဲ့ သိသာတဲ့လက္ခဏာရပ်တစ်ခု ဖြစ်လာပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့စစ်တမ်းအရ ၂၄ရာခိုင်နှုန်းသော မြို့ပြနေသူများဟာ […]

Sustainable Development

မညီမျှမှုများ လျော့နည်းသွားစေရေး

မညီမျှမှုများဟုဆိုရလျှင် ဝင်ငွေနဲ့ အခွင့်အလမ်းရရှိမှုများ ညီတူညီမျှမရရှိခြင်းလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ် မညီမျှမှုများ ရင်ဆိုင်နေရသူများ၊ ထိခိုက်ခံရလွယ်သူများလို့ ပြောရလျှင် အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ ရွေ့ပြောင်းသူများနဲ့ ဒုက္ခသည်များ ပါဝင်ပါတယ်။ လူတစ်ဦးချင်းစီအလိုက် မညီမျှမှုများရှိသလို ဒေသအလိုက်၊ လူမျိုးအလိုက်၊ နိုင်ငံအလိုက် မညီမျှမှုများ ရှိနေပါသေးတယ်။ ဝင်ငွေမညီမျှမှုများနဲ့အတူ ပြည်သူ့ဝန်ဆောင်မှုများ မလုံလောက်မှုကြောင့် ပညာရေးအခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်နိုင်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုမှာ မညီမျှမှုများ ပိုရှိလာပါတယ်။ ဝင်ငွေမညီမျှမှုများကိုနှိုင်းယှဥ်ကြည့်လိုက်ရင် […]

Sustainable Development

စက်မှုလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံအဆောက်အအုံ

အခြေခံအဆောက်အအုံနှင့် တီထွင်ဆန်းသစ်မှုတို့တွင် ရင်းနှီးမြုပ်နှံမှုသည် စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ မောင်းနှင်အားများ ဖြစ်ကြတယ်။ ဒါကြောင့် အားလုံးပါ၀င်ပြီး ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းများမြှင့်တင်ခြင်း၊ သိပ္ပံနည်းကျ သုတေသနများနှင့် ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်ခြင်း နှင့် ဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ဟာ စဉ်ဆက်မပြတ် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာမှာ များစွာအထောက်အကူ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများဟာ အခွန်နှင့်ကုန်သွယ်ရေးတင်းမာမှုများကြောင့် ထုတ်လုပ်မှုတိုးတက်မှုများ ကျဆင်းနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်မှုများ နှေးကွေးသွားပြီး လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများလို လုပ်ငန်းများဟာ ရပ်တန့်လုနီးပါး […]

Sustainable Development

သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး

ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါ၀င်နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အပြည့်အဝ အကျိုးဖြစ်ထွန်းသော အလုပ်အကိုင်များနှင့် သင့်တင့်လျောက်ပတ်သောအလုပ်များ ဖန်တီးပေးနိုင်ခြင်းတို့ဟာ သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးတိုးတက်မှုရရှိရေး၏ အဓိကရည်ရွယ်ချက်များ ဖြစ်တယ်။ စီးပွားရေးအကျပ်အတည်း နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတို့ရဲ့ သက်ရောက်မှုများကြောင့် အလုပ်အကိုင်သစ်များဖန်တီးနိုင်မှုတွေမှာ အခက်အခဲရှိလာသလို အလုပ်လက်မဲ့ဦးရေလည်း တိုးတက်လာပါတယ်။ သာမန်အချိန်မှာတောင် အလုပ်လက်မဲ့ဦးရေ သန်းပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ၂၀၁၉ခုနှစ်မှာ ပျှမ်းမျှကမ္ဘာ့အလုပ်လက်မဲ့နှုန်းဟာ ၅.၄ရာခိုင်နှုန်းရှိသလို မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁.၅၈ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုလို […]